အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (NAIDD) ၏ Machine Translation Project မှ ကြိုဆိုပါသည်။
ယခုစနစ်သည် ပထမဆုံး စမ်းသပ်ထုတ်ဝေသော (Beta Version) ဖြစ်ပါသည်။
-
အကောင့်ပြုလုပ်ခြင်း: ယုံကြည်စိတ်ချရသူများအတွက် ပထမဆုံး စမ်းသပ်ထုတ်ဝေသော စနစ်ဖြစ်ပြီး Feedback များ ရယူနိုင်ရန်အတွက် Login စနစ် ထည့်သွင်းထားပါသည်။ ပထမဆုံး အသုံးမပြုမီ Signup ပြုလုပ်၍ အကောင့်ဖွင့်ရန် လိုအပ်ပါမည်။
-
အသုံးပြုနိုင်သော Platform များ: ကွန်ပျူတာ၊ ဖုန်း အစရှိသည့် ကြိုက်နှစ်သက်ရာ Platform များဖြင့် အလွယ်တကူ စမ်းသပ်အသုံးပြုနိုင်ပါသည်။
-
Feedback ပေးခြင်း: ဘာသာပြန်ဆိုမှု ရလဒ်များအပေါ် မူတည်၍ "ကောင်း" (သို့) "ညံ့" ဟု Feedback ပေးနိုင်သော စနစ် ထည့်သွင်းထားပါသည်။ (Send ခလုတ်နှိပ်၍ "Thanks" ဟူသော စာသားမြင်ရပါက Feedback ပေးပို့ခြင်းအောင်မြင်ပါသည်။)
-
အမှန်ပြင်ဆင်ပေးပို့ခြင်း: Model မှ ဘာသာပြန်ဆိုရာတွင် လိုအပ်ချက်ရှိ၍ "ညံ့" ဖြစ်နေပါက၊ မှန်ကန်သော ဘာသာပြန်ကို ကိုယ်တိုင်ရေးသားပေးပို့နိုင်ရန် စနစ်ထည့်သွင်းထားပါသည်။ (အမှန်ပြင်ဆင်ချက်မထည့်ဘဲ အလွတ်ပေးပို့၍လဲ ရပါသည်။)
-
ပိုမိုကောင်းမွန်စေရန် အဆင့်မြှင့်တင်ခြင်း: အသုံးပြုသူများပေးပို့သော Feedback များအပေါ် မူတည်၍ နောက်ပိုင်း Version များကို ပိုမိုကောင်းမွန်လာအောင် အမြဲမပြတ် ဆက်လက်ပြင်ဆင်သွားမည် ဖြစ်ပါသည်။
-
စာလုံးအရေအတွက် ကန့်သတ်ချက်: အသုံးပြုသူများ၏ အဆင့် (User Level) အလိုက် တစ်ကြိမ်လျှင် ဘာသာပြန်ဆိုနိုင်သော စာလုံးအရေအတွက် ကန့်သတ်ချက် (ဥပမာ - စာလုံးရေ ၂၀၀၀) ရှိပါသည်။ သတ်မှတ်ထားသော စာလုံးအရေအတွက်ထက် ကျော်လွန်ပါက အပိုင်းလိုက်ခွဲ၍ ဘာသာပြန်ဆိုပေးရန် လိုအပ်ပါသည်။
-
အကောင့်လုံခြုံရေး (Session Expiration): အချက်အလက်လုံခြုံရေးအတွက် အကောင့်ဝင်ရောက်ထားမှု (Session) သည် အချိန်အကန့်အသတ်တစ်ခုအထိသာ အကျုံးဝင်မည်ဖြစ်ပါသည်။ သက်တမ်းကုန်ဆုံးသွားပါက ဘာသာပြန်ဆို၍ရတော့မည်မဟုတ်ဘဲ အကောင့်သို့ ပြန်လည်ဝင်ရောက် (Log In) ရန် လိုအပ်မည်ဖြစ်ပါသည်။
-
စနစ်အဆင့်မြှင့်တင်ခြင်းနှင့် အသိပေးချက်များ (Updates): စနစ်ပိုင်းဆိုင်ရာ အသိပေးချက်များကို အပေါ်ဘက်ရှိ ခေါင်းလောင်းပုံ (Notification Bell) တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ စနစ် Version အသစ်ထွက်ရှိချိန်တွင် ဘာသာပြန်ရာ၌ "SYSTEM UPDATE" ဟု အသိပေးချက်ပေါ်လာပါက သို့မဟုတ် "New Update Available" စာတန်းပေါ်လာပါက Page ကို Refresh (F5) ပြုလုပ်ပေးပါ။
မေတ္တာရပ်ခံချက်: ဘာသာပြန်တိုင်း Feedback လေးများ မဖြစ်မနေ ပေးစေချင်ပါသည်။ လက်ရှိအချိန်ထိ အကောင်းဆုံး ကြိုးစားထားပြီး လိုအပ်ချက်များကို ဖြည်းဖြည်းချင်း ဆက်လက်ပြင်ဆင်သွားပါမည်။ ဤစနစ်သည် အသုံးပြုသူတို့ ဘာသာပြန်ရာတွင် အနည်းနှင့်အများ အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။